Sunday, November 29, 2015

ခရမ်းချဉ်စိုက်နည်းးးးး




ခရမ်းချဉ်စိုက်နည်းးးးး


 



 ဒီတစ်ခါတော့ လူတိုင်းကြိုက်တဲ့ အပင်တစ်ပင်ကြောင်းကို ရေးမယ်ဗျာ...။ အဲဒါကတော့ ခရမ်းချဉ်
ပင်ပေါ့...။ ခရမ်းချဉ်က အမျိုးအစားပေါင်း မြောက်များစွာ ရှိတယ်လေ..။ ဗမာခရမ်းချဉ်အပြားမျိုး၊
ဗမာခရမ်းချဉ်အလုံးမျိုး၊ မေမြို့သီး၊ ထိုင်ဝမ်ခရမ်းချဉ်မျိုး၊ အလုံးသေးမျိုး ဆိုပြီးပေါ့...။

ကျွန်တော်တို့ အညာဒေသမှာတော့ ရိုးရိုး ဗမာခရမ်းချဉ်မျိုး ပဲစိုက်တာလေ...။ မေမြို့သီးတို့ ၊ အ
လုံးသေးမျိုးတို့က တစ်ခါတစ်လေမှ မျိုးစေ့ ရောပြီး ပေါက်တတ်တာလေ...။

ခရမ်းချဉ်ပင်ကိုတော့ တကူးတက တစ်ကွက်လုံး စိုက်တယ်ဆိုတာ မရှိဘူးဗျ...။ ငရုတ် စိုက်တဲ့အချိ
န်မျိုးမှာ ရောပြီး စိုက်တာလေ...။ ခရမ်းချဉ်ပင်တွေက အရမ်းဖြစ်တာဗျ... တစ်ပင်ဆို ရုံကြီးတွေကို
အကြီး ကြီးတွေပဲ...။ ကျွန်တော်တို့ ရွာမှာတော့ ခရမ်းချဉ်သီးက အရမ်းပေါတယ်...။ ရောင်းလို့လည်း
အဆင်မပြေဘူးလေ...။ ကိုယ်စားဖို့ ကိုယ်တော့ တောင်သူတိုင်း စိုက်ပျိုးတာ ဆိုတော့လေ..။ တစ်နွ
ယ်ပင် တစ်စင်ပါ ဆိုသလိုပါပဲ...။ တောင်သူ တစ်ဦး စိုက်ထားရင်   အဲဒီလူရဲ့ အမျိုးတွေလည်း ခရမ်း

ချဉ်သီးကို မုန်းအောင် စားရတာလေ...။ ခရမ်းချဉ် အပြားသီးဆိုတာကတော့ အလုံးက ပြားပြားကြီး
တွေလေ...။ အလုံးမျိုးကတော့ ခပ်လုံးလုံးပဲ..။ မေမြို့သီးကတော့ ချွန်ချွန်လေးတွေ သီးတာလေ..။
အလုံးသေးမျိုးအပင်ကိုတော့ အသီးလေးတွေ ငယ်ငယ်လေးတွေဆိုရင် နှုတ်ပစ်တာလေ..မျိုးမကေ
ာင်းဘူးဆိုပြီးပေါ့..။
 

ခရမ်းချဉ်ပင်ရဲ့ အသုံးဝင်ပုံလေးတွေ ပြောပြအုံးမယ်ဗျာ...။ ခရမ်းချဉ်ပင်လေး အညွန့် တလူလူ ဖြစ်
လာပြီဆိုကတည်းက စားလို့ရပြီလေ။ ခရမ်းချဉ်ပင်က အညွန့်လေးကိုခူး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွ
က်တို့နဲ့ ရောပြီး သီးစုံ ချဉ်ရည် ချက်သောက်ရင် အရမ်းကောင်းတယ်လေ...။

ခရမ်းချဉ်သီးလေး ရွမ်းပြင်း ဖြစ်လာပြီဆိုရင်တော့... ခရမ်းချဉ်သီးကို မီးဖုတ်၊ ငရုတ်သီးအစိမ်းကိုမီး
ဖုတ်ပြီး သန်ထွေဖျော်(ပန်ထွေဖျော်) လုပ်စားတယ်ဗျ...။ ပန်ထွေဖျော်ကို ကြိုက်တယ်ဗျို့...။ ဒီမှာ
တစ်ခါတစ်လေ ခရမ်းချဉ်သီး အမှည့်နဲ့ လုပ်လုပ်စားရင် မကောင်းဘူး...။ အမေလုပ်လုပ်ကျွေးတဲ့
သန်ထွေဖျော်ကိုတော့ လွမ်းတယ်ဗျို့....။ အညာက လူတွေကတော့ ခရမ်းချဉ်ဗမာသီးကိုပဲ ကြိုက်
တာဗျို့...။ ဗမာသီးက ထိုင်ဝမ်သီးထက်ပိုပြီး အရသာကောင်းတယ်လေ...။

တစ်ခါတစ်လေဆိုရင်တော့ တောထဲက ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်လေးကို ဆွတ်၊ အိမ်ပြ
န်ရောက်ရင်တော့ ပဲမှုန့်တို့၊ အကြော်စေ့တို့၊ ကြက်သွန်နီကို ပါးပါးလှီးပြီး သုပ်စားကြတယ်လေ...။
တစ်ခါတစ်လေကြတော့လည်း လ္ဘက်နဲ့ သုပ်စားတတ်ကြပါတယ်...။ အဲဒါကတော့ ခရမ်းချဉ်သီး အ
စိမ်းရဲ့ အသုံးဝင်ပုံလေးပေါ့...။

ခရမ်းချဉ်သီးတွေ မှည့်လို့ဆွတ်ရပြီ ဆိုရင်တော့ အရမ်းပျော်ဖို့ကောင်းတယ်...။ တစ်ပင်ကို ဆွတ်ပြီး
ပြီဆိုရင်၊ နောက်တစ်ပင်ကို ဆွတ်ဖို့ စိတ်က ရောက်ရောက်သွားတာလေ...။ ခရမ်းချဉ်ပင်တွေထဲတို
းပြီးလို့ အိမ်ပြန်ရောက်လို့ ရေချိုးရင် ခရမ်းချဉ်ပင်ရဲ့ အဆီတွေက ခြေထောက်တွေ ၊ လက်တွေ ၀င်း
နေတာဗျို့...။ တစ်ခါတစ်လေ ဆေးပင်က အစေးတွေ ပွရင် ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်တို့နဲ့ ချွတ်ရင် သိ
ပ်မပြောင်ချင်ဘူး... အဲလို အခါမျိုးမှာ ဆိုရင်တော့ ခရမ်းချဉ်သီးလေးကို ဖောက်ပြီး လက်ကိုပွတ်လို
က်ပြီး ရေဆေးလိုက်ရင် ပြောင်သွားတာပဲ...။ ဘာဓါတ်သဘောလဲ တော့မသိပါဘူ...။ တစ်ချို့ရေင
တ်တဲ့ အခါတွေမှာ ခရမ်းချဉ်သီးရဲ့ အပေါ်အခွံလေးကို ခွါပြီး စားကြတယ်...။ ရေငတ်ပြေတယ်တဲ့ဗျ
...။ ကျွန်တော်ကတော့ စိမ်းစော် နံလို့ မကြိုက်ပါဘူး...။

ခရမ်းချဉ်သီး အမှည့်ကိုတော့ အမျိုးမျိုး ဟင်းချက်စားကြတာပေါ့ဗျာ...။ ခရမ်းချဉ်သီး အမှည့်လေး
ကို ရေလည၊် ဆီလည်လေး ချက်ပြီး ... ပဲပြုတ်လေးနဲ့များ စားရင် အရမ်းကောင်းတာဗျို့...။
ခရမ်းချဉ်သီးကို ငါးပိနဲ့၊ငရုတ်သီး စပ်စပ်နဲ့ ဆီပြန်ချက်ကျွေးတဲ့ အမေ့ရဲ့ လက်ရာကိုတော့ ဘယ်တေ
ာ့မှာ မေ့မှာမဟုတ်ဘူး...။ ခရမ်းချဉ်သီးနဲ့ ငါးကြော်နဲ့ ချက်ကျွေးတာလည်း ကောင်းတာပဲ...။ ကျွန်ေ
တာ် အမေချက်သလို ချက်ကြည့်လည်း အမေ့လက်ရာတော့ မမှီဘူးဗျို့...။

Friday, November 27, 2015



More Like This




Cabbage Root Maggots



Aphids


(from The Old Farmer’s Almanac 1993 Gardener’s Companion)

Before The Old Farmer’s Almanac All-Seasons Garden Guide, there was The Gardener’s Companion, an annual full of seasonal tips and advice for green thumbs of all experience levels.


In 1993, The Gardener’s Companion offered some well-sown advice on growing what was then and still is the most popular vegetable in America: tomatoes. Whether you’re new to growing tomatoes or just want to try your hand at new varieties, you’d do well to follow The Gardener’s Companion’s timeless advice!

Our 10 Best Tomato-Culture Tips

1. Wait. Patience is a major ingredient in tomato success. Don’t catch Tomato Fever: Don’t plant seeds too early and don’t set out transplants too early. Tomatoes hate cold soil, cold nights (below 55 degrees F), and cold weather.

2. Select a tomato variety that suits your climate. There are about a thousand choices.





Tomatoes


Comments






More Like This



Mexican Bean Beetles



Squash Vine Borer



Cabbageworms



Cucumber Beetles



Flea Beetles



Cabbage Root Maggots



Aphids





Here are tips on how to identify, eliminate, an


Comments